လွိုင်လင်မြို့နယ်နှင့်သိန္နီမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၁၇

လွိုင်လင်မြို့နယ်နှင့် သိန္နီမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၁၆ ရက် ညနေ ၄နာရီ ၁၅မိနစ်တွင် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ကျော်မြင့် မောင်းနှင်စီးနင်းလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၅၀၀ နှင့် ဘိန်းဖြူ ၀ ဒသမ ၀၁ ကီလိုတို့ကို လည်းကောင်း၊အလားတူ ဇွန် ၁၅ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော  ပူးပေါင်းအဖွဲ့သည် သိန္နီမြို့နယ်၊ ပိန်းဆာ ကျေးရွာအုပ်စု၊ ချောင်းဆာကျေးရွာ၊ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတွင် ကြိမ်ကွေလီ မောင်းနှင်လာသည့် MITSUBISHI PAJERO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၄၁ ဒသမ ၆ ကီလို ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင် ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်