လှိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲလာရောက်ဖြေဆိုစဉ် ကတ်ကျန်နေခဲ့သည့် ကျောင်းသားတစ်ဦးအား ရဲတပ်ဖွဲ့မှ လိုက်လံကူညီပေးသဖြင့် အချိန်မီဖြေဆိုနိုင်

နေပြည်တော် ၁၁ မတ်

ယနေ့ နံနက် ၈ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(လှိုင်)တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသားတစ်ဦးသည် စာမေးပွဲဖြေဆိုရန်လာရောက်စဉ် ဖြေဆိုခွင့်ကတ်ကျန်နေခဲ့သဖြင့် အမှတ်(၅၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(လှိုင်)မှ ရဲဒုတပ်ကြပ် စိုးသူရဖြိုးက ဆိုင်ကယ်ဖြင့်လိုက်ပါပို့ဆောင်ပေးခဲ့၍ စာမေးပွဲအချိန်မီဖြေဆိုနိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

(သတင်းစဉ်)