ဘေရွတ် ဒီဇင်ဘာ ၁၇
လက်ဘနွန်နိုင်ငံ၏ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို ကူညီပေးရန်အတွက် ကာတာနိုင်ငံက ဘတ်စ်ကားအစီး ၃၀ လှူဒါန်းခဲ့သည်ဟု ဒီဇင်ဘာ ၁၆ ရက်တွင် အာဏာပိုင်များက သတင်း ထုတ်ပြန်သည်။
ဘေရွတ်မြို့ မာမီခေးလ်ခရိုင် အများပြည်သူသယ်ယူပို့ဆောင်ရေးနှင့် မီးရထားအာဏာပိုင်အဖွဲ့ ဌာနချုပ်တွင် အဆိုပါဘတ်စ်ကားများ လွှဲပြောင်းပေးမှုကို ဆောင်ရွက်ခဲ့သည်။ လက်ဘနွန်နိုင်ငံ၌ မရှိမဖြစ်လိုအပ်သည့် အများပြည်သူဝန်ဆောင်မှုစနစ်ပြန်လည်ရှင်သန်ရေး အစိုးရ၏ ကြိုးပမ်းအားထုတ်မှုကို ကူညီသည့်အနေဖြင့် ယခုလို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း အယ်နာရှာ သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါအခမ်းအနားသို့ လက်ဘနွန်အရာရှိများနှင့် လက်ဘနွန်နိုင်ငံဆိုင်ရာ ကာတာသံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြသည်။ လှူဒါန်းထားသည့် ဘတ်စ်ကားများဖြင့် လက်ရှိလမ်းကြောင်းများကို အားဖြည့်ပေးပြီး ဝန်ဆောင်မှုအားနည်းသည့်နေရာများတွင် တိုးချဲ့ဝန်ဆောင်မှုပေးနိုင်မည်ဟု လက်ဘနွန်အာဏာပိုင်များက ပြောသည်။
ခရီးသည်များအတွက်လည်း ပိုမိုဘေးကင်းလုံခြုံစွာသွားလာနိုင်ပြီး သက်သာသောစရိတ်ဖြင့် သွားလာနိုင်မည်ဟု လက်ဘနွန်အာဏာပိုင်များက ဆက်လက်ပြောကြားခဲ့သည်။
ဆင်ဟွာ


