ဂျေရုဆလင်    ဒီဇင်ဘာ    ၉

အစ္စရေးတပ်မတော်သည် လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ဟဇ်ဘိုလာအဖွဲ့၏ အခြေခံအဆောက်အအုံများကို ဒီဇင်ဘာ ၉ ရက်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အစ္စရေးတပ်မတော်သည်   ဟဇ်ဘိုလာအဖွဲ့၏    လေ့ကျင့်ရေးဆောင်ရွက်သည့် အဆောက်အအုံကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ဟဇ်ဘိုလာအဖွဲ့၏ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်။

အစ္စရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများအား ဟဇ်ဘိုလာအဖွဲ့က အကြမ်းဖက်မှုမကျူးလွန်စေရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း အစ္စရေးတာဝန်ရှိသူများက ပြောသည်။ အစ္စရေးနှင့် လက်ဘနွန်ကြား ၂၀၂၄ခုနှစ် နိုဝင်ဘာလက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့သော်လည်း အစ္စရေးက   လက်ဘနွန်နိုင်ငံအတွင်း   မကြာခဏတိုက်ခိုက်ခြင်းများ ဆောင်ရွက်လေ့ရှိသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ