လှည်းကူး နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့်မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်း လမ်းညွှန် နည်းပြအဆင့် သင်တန်းဖွင့်ပွဲကို ယမန်နေ့က လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး) အောင်ဆန်းခန်းမ၌ ကျင်းပသည်။
ဦးစွာ လှည်းကူးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲထွန်းနောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအသန်းက မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ်ပို့ချရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။
အဆိုပါသင်တန်းတွင် မဲရုံသုံးပုံစံများ ရေးသွင်းခြင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ တပ်ဆင်ခြင်း၊ မဲရုံဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ မဲပေးခြင်းလုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ခြင်း၊ မဲရုံပိတ်သိမ်းခြင်းလုပ်ငန်းများကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


