လှည်းကူး စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်းရှိ မူလတန်းအရွယ်  ကျောင်းသား ကျောင်းသူများတွင် သွားနှင့်ခံတွင်း ရောဂါများ ကင်းဝေးစေရန် ရည်ရွယ်၍ နေ့လယ်စာစားပြီး သွားတိုက်ခြင်းလှုပ်ရှားမှု အစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် လှည်းကူးမြို့နယ် နိဗ္ဗာန်ဆိပ်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌  ကွင်းဆင်း ဆောင်ရွက်သည်။

ထိုသို့  ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး (သွားကျန်းမာ)ဒေါက်တာကွန်စတန်  ဦးဆောင်သော အနောက်ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီးမှ သွားဘက်ဆိုင်ရာ ဆရာဝန်များ၊ သာကေတသွားနှင့် ခံတွင်းအထူးကုဆေးရုံမှ သွားနှင့် ခံတွင်းဆရာဝန်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေး  ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ သောင်းဦးနှင့် ဒေါက်တာတင်နို င်(သွားဆရာဝန်)နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ဦးခင်ဇော်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် နိဗ္ဗာန်ဆိပ်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာမများက သွားတစ်ချောင်းနှင့်  သွားဖုံးသားများ  ဖွဲ့စည်းတည်ဆောက် ထားပုံ၊ သွားနှင့် ခံတွင်းကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊  သွားပိုးစားရောဂါ ဖြစ်ပွားလာပုံနှင့် နောက်ဆက်တွဲ ဖြစ်စဉ်များ၊ စစ်မှန်သော သွားတိုက်နည်းအကြောင်းများကို ရှင်းလင်း ပြောကြား၍ သွားတိုက်နည်းကို သရုပ်ပြပုံနှင့်တကွ လက်တွေ့ သရုပ်ပြသပေးပြီး သွားကျန်းမာရေး စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)