လှည်းကူး နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ လမ်းညွှန်မှု၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားကာကွယ် စောင့်ရှောက်ရေး ဦးစီးဌာနက ကြီးမှူး၍ တိုင်းရင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် ထူးချွန်စွမ်းရည်ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက လှည်းကူးမြို့နယ် ဒေါင်းမြီး ကွက်ကျေးရွာ၌ ကျင်းပသည်။
ဦးစွာ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အမှာစကား ပြောကြားပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ဒေါင်းမြီးကွက်ကျေးရွာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။
ဆက်လက်၍ တိုင်းရင်းသား ကျောင်းသား လူငယ်များအား ထူးချွန်စွမ်းရည်ပြပွဲ၊ ပြိုင်ပွဲများ ဖြစ်သည့် ဆေးရောင်ခြယ်၊ စက္ကူခေါက်၊ အပြေး၊ အာလူးကောက်၊ ပန်းချီ၊ မုန့်စား၊ အပ်ချည်ထိုး၊ ပူဖောင်းဖောက်၊ ကဗျာရွတ်၊ ကျပန်း၊ တိုင်းရင်းသားနှင့်ပတ်သက်သည့် ဉာဏ်စမ်းပြိုင်ပွဲများကို ကျင်းပ၍ ဆုရရှိသူများအားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


