Local Education
ပညာရေးနှင့်နည်းပညာ
နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရနည်းပညာကောလိပ်၊ အစိုးရ စက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ
03/06/24
နေပြည်တော်၊ ဇွန် ၃
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနနှင့် နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်များ၏ ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ယနေ့တွင် စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းသား၊ ကျောင်းသူ ၁၀၀၇၆၉၅ ဦး အေးချမ်းပျော်ရွှင်စွာဖြင့် စတင်ပညာသင်ကြား
03/06/24
ရန်ကုန်၊ ဇွန် ၃
၂၀၂၄ - ၂၀၂၅ ခုနှစ် ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သော ယနေ့၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၂၇၅၄ ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၀၀၇၆၉၅ ဦး အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားကြလျက်ရှိကြောင်း သိရသည်။