နေပြည်တော် ၄ မေ

 

၂၀၂၀ ပြည့်နှစ်၊ မေလ ၁၈ ရက်နေ့တွင် ပြုလုပ်မည့် ဒုတိယအကြိမ် လွှတ်တော်များ၏ ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း သတင်းရယူလိုသည့် သတင်းမီဒီယာများအတွက် သတ်မှတ်ချက်များကို ပြည်ထောင်စုလွှတ်တော်ရုံးက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ ပေးပို့ချက် ထုတ်ပြန်ထားသည်။

 

အဆိုပါ ပေးပို့ချက်တွင် အစည်းအဝေးကာလတစ်လျှောက် သတင်းဌာနတစ်ခုလျှင် တစ်ဦးတည်းကိုသာ လာရောက်သတင်းရယူခွင့်ပြုရန်၊ အစည်းအဝေးကာလ လွှတ်တော်ဝင်းအတွင်း မည်သူ့ကိုမျှ တွေ့ဆုံမေးမြန်း သတင်းရယူခြင်းမပြုလုပ်ရန်နှင့် သက်ဆိုင်ရာက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာပူးပေါင်းဆောင်ရွက်ရန်၊ လွှတ်တော်တွင်း သတင်းရယူမည့်သူများကို လိုအပ်ပါက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကြိုတင်စစ်ဆေးနိုင်ရေးအတွက် နေပြည်တော်နှင့် ရန်ကုန်၌ ရှိပြီး ဆေးစစ်မှုခံယူနိုင်မည့်သူများကိုသာ အမည်စာရင်းပေးပို့ရန် စသည့် အချက်သုံးချက်ပါရှိသည်။

 

သို့ပါ၍ အမည်စာရင်းကို ပူးတွဲပါ ပုံစံအတိုင်း ဖြည့်စွက်၍ မေ ၅ ရက် ညနေ ၄ နာရီ နောက်ဆုံးထားပြီး myanmarparliament@pds.hlattaw.mm နှင့် fax – 067591187 တို့သို့ ပေးပို့နိုင်ရန် အကြောင်းကြားထားသည်။

 

Crd#Myanmar Press Council

44