နေပြည်တော် ၂၇ ဖေဖော်ဝါရီ 

 

2


ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၉ နာရီမှ ၁၀ နာရီ ၁၅ မိနစ်အထိ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာ၌ သာဝတ္ထိနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များကလည်းကောင်း၊ ယင်းနေ့ နံနက် ၉ နာရီမှ ၁၀ နာရီ ၁၅ မိနစ်အထိ  နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပုပ္ပါးကုန်းရပ်ကွက်၊ အမှတ်(၂)နယ်မြေ၌  ရွှေတွင်းကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များကလည်းကောင်း အိမ်တိုင်ရာရောက် ရဲလုပ်ငန်းစနစ် (HOME VISIT)ဖြင့် တစ်အိမ်တက်ဆင်း မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးတို့အား မှုခင်းအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

3


အလားတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲမှ မွန်းလွဲ ၁ နာရီခွဲအထိ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်းကျေးရွာ ရွာလယ်တွင် ပတ္တာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါဟောပြောပွဲ၌ ပတ္တာနယ်မြေရဲစခန်းမှူး ရဲအုပ် ဝင်းရွှင် ဦးစီးသည့် တပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး သတိပြုရန်အချက်များ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးတို့အား မှုခင်းအသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ကျေးရွာနေ ပြည်သူ(၆၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

MDN