နေပြည်တော် ၂၇ ဖေဖော်ဝါရီ
နေပြည်တော် လယ်ဝေးမြို့နယ် အင်ပင်ကျေးရွာအုပ်စု၊ ညောင်ပင်အိုင်ကျေးရွာတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြု (စတုတ္ထနှစ်စက်ဝန်း)ဖြင့် ဆောင်ရွက်သည့် ရေနီ -ညောင်ပင်အိုင် ချောင်းကူးကြိုးတံတား (အရှည်ပေ ၁၅၀ အကျယ် ၄ ပေ အမြင့်ပေ ၂၀ပေ) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ နေပြည်တော်ကျေးလက်မှ ညွှန်မှူးဦးဌေးဝင်း နေပြည်တော်တိုင်း လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးတင်မောင်အေး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချစ်မိုး (လယ်ဝေး)


