လီလွန်ဂွေး   အောက်တိုဘာ   ၁၄

မာလဝီနိုင်ငံ၌    နိုင်ငံ့လူဦးရေ၏ ၂၂ ရာခိုင်နှုန်းခန့်ရှိသော လူပေါင်း ၄၀၀၉၅၃၇  ဦးမှာ   ၂၀၂၅  ခုနှစ် အောက်တိုဘာလမှ ၂၀၂၆ ခုနှစ် မတ်လအထိ ကြာမြင့်မည့် စားနပ်ရိက္ခာအလွန်ရှားပါးသောကာလအတွင်း ၎င်းတို့၏  တစ်နှစ်တာ စားနပ်ရိက္ခာလိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ဘဲ အစာငတ်မွတ်မှုဘေးနှင့်   ကြုံတွေ့ရနိုင်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

လာမည့်လများအတွင်းမာလဝီ လူမျိုး သန်းပေါင်းများစွာမှာ စားနပ်ရိက္ခာ  ပြတ်တောက်မှုအန္တရာယ် နှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်သည်ဟု မာလဝီအစိုးရက    ပြောသည်။ တွေ့ရှိချက်များအရ မာလဝီနိုင်ငံ၏   အဓိကမြို့ကြီး   လေးမြို့တွင် နေထိုင်သော ဒေသခံ ၆၄၁၃၈ ဦးနှင့်    ကျေးလက်ဒေသများတွင် နေထိုင်သော ဒေသခံ ၃ ဒသမ ၉ သန်းခန့်   ထိခိုက်ခံစားရဖွယ်ရှိသည်ဟု  ဘဏ္ဍာရေး၊  စီးပွားရေး စီမံကိန်းနှင့်  ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏   အောက်တိုဘာ ၁၂ ရက်   ထုတ်ပြန်ချက်အရ  သိရ သည်။

လိုအပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စားနပ်ရိက္ခာထောက်ပံ့ကူညီမှုမှာ ခန့်မှန်းပြောင်းတန်ချိန် မက်ထရစ်တန် ၂၀၀၀၀၀   နှင့်  ငွေသားထောက်ပံ့ကူညီမှုမှာ   အမေရိကန်ဒေါ်လာ ၂၂၃ ဒသမ ၄ သန်းခန့် ရှိကြောင်း သိရသည်။   မာလဝီအစိုးရသည် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအဖွဲ့အစည်းများနှင့် အခြားသော မိတ်ဘက်အဖွဲ့အစည်းများ အား ထိုကဲ့သို့အခြေအနေကို ကူညီဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။

ဆင်ဟွာ