မအူပင် နိုဝင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် အကျဉ်းဦးစီးဌာနမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား လေးဦးအား လွှတ်ပေးသည့် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မအူပင်အကျဉ်းထောင်ရှိ တာဝန်ခံအရာရှိ ရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မအူပင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးလွင်၊ မအူပင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူး ဇော်သူရနှင့် တာဝန်ရှိသူများက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် ဖြင့် လွှတ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်မည့် အကျဉ်းသား လေးဦးအား ဆုံးမ သြဝါဒစကားများ ပြောကြားခဲ့ပြီး အကျဉ်းသား အကျဉ်းသူများအား ထောင်လွှတ်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)


