မအူပင် ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၌ မြန်မာ့သမဝါယမစတင်ခြင်း (၁၂၁)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၌ ဆောင်ရွက်သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်ဦးစီးအရာရှိ ဦးသန့်စင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့က ဦးဆောင်၍ သမဝါယမမိသားစုများက ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ခြင်း၊ ဘုရားရင်ပြင်တော် အတွင်း၊ အပြင် တံမြက်စည်းလှည်းခြင်းနှင့် ဘုရားဝင်းပြင်ပ၌ အမှိုက်ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)


