မြစ်ကြီးနား      မေ       ၂

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်မှုအခြေအနေများနှင့် ကျောင်းတက်ရောက်နေမှုများအား ဇွန် ၂ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ် ပညာရေးမှူး ဦးကြည်စိန်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ရှေးဦးစွာ ကချင်ပြည်နယ်ပညာရေးမှူး ဦးကြည်စိန်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ရွှေစက်)သို့ ရောက်ရှိကာ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများအား တွေ့ဆုံ၍ ကျောင်းတွင်းလိုအပ်ချက်များအား မေးမြန်ပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရာတွင် တွေ့ကြုံနိုင်သည့် အခက်အခဲများအား ကြည့်ရှု၍ လိုအပ်သည် များ မဖြစ်စေရေး ကြိုးစားဆောင်ရွက်ရန် ပြောကြားခဲ့သည်။

 

ဆက်လက်၍ ပလနကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ပလန)သို့ သွားရောက်ကာ ကျောင်းအပ်လက်ခံနေမှု၊ စာသင်ခန်းများ ပြင်ဆင်ဆောင်ရွက်မှု၊ ကိုဗစ် - ၁၉ ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျောင်းသား ကျောင်းသူများအား ပညာသင်ကြားနိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်ပညာရေးမှူးနှင့်အဖွဲ့သည် တပ်ကုန်းရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းများသို့ ရောက်ရှိပြီး ကျောင်းသားကျောင်းသူအင်အားနှင့် ဆရာ ဆရာမအင်အား မျှတမှုရှိ/မရှိ၊ ကျောင်းတွင်းသန့်ရှင်း သာယာလှပစေရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့ကို ကျောင်းအုပ်ကြီးများအား လမ်းညွှန်မှာကြားကာ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရန် ကျန်ရှိနေသည့် ကျောင်းသား ကျောင်းသူများအား ဆက်လက်လက်ခံနိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)