မြစ်ကြီးနားနှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော် စက်တင်ဘာ ၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁ ရက် ညနေ ၄ နာရီတွင်  မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ လင်းရောင်ခြည် လမ်းပေါ် တွင် နော်မိုင်(ခ)အင်ခွန်နော် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ရဲဇော်ဖြိုး(ခ) ရဲဇော် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀,၉၀၀ ကိုလည်းကောင်း။

စက်တင်ဘာ ၂ ရက် နံနက် ၈ နာရီခွဲတွင် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၄၇(A)လမ်း၊ ၁၁၇ x ၁၁၈ လမ်းကြားရှိ မဇင်မင်းထွေး ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၃,၂၈၀ ၊ စိတ်ပြောင်းဆေးဝါး ကက်တမင်း သုည ဒသမ ၆၅ ကီလို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား