မြစ်ကြီးနားနှင့် ကွတ်ခိုင်မြို့နယ်တို့တွင် မူယစ်ဆေးဝါးများဖမ်းဆီးရမိ 

နေပြည်တော် ဩဂုတ် ၁၀ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဩဂုတ် ၉ ရက် ညနေ ၄ နာရီတွင် မြစ်ကြီးနားမြို့နယ်၊ မလိခကျေးရွာအုပ်စု၊ နမ့်ခမ်းကျေးရွာ အနီးရှိ (၂၁)မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် HINO အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၉၉ ကီလို ကိုလည်းကောင်း၊ ထိုနေ့ ညနေ ၅ နာရီ ၄၀ မိနစ်တွင် ကွတ်ခိုင်မြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ကွတ်ခိုင်-ကောင်းခါးသွား ကားလမ်းတွင် မာလ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇,၈၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား