မြစ်ကြီးနားနှင့်မိုးညှင်းမြို့တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၂၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သည် ဇူလိုင် ၂၃ ရက် ညနေ ၅ နာရီ မိနစ် ၅၀ တွင်   မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်တွင် ဆင်ဂေါန်ခွမ်(ခ) နောနော် မောင်းနှင်ပြီး စိုင်းရီမွန်း လိုက်ပါလာသည့် Royal Saloon Crown အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် Happy Water သုည ဒသမ ၈၄၅ ကီလိုနှင့် ကက်တမင်း သုည ဒသမ ၀၆၅ ကီလိုတို့ကိုလည်းကောင်း။

ဇူလိုင် ၂၄ ရက် မွန်းတည့် ၁၂ နာရီတွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိ ကားဂိတ်တွင် သုံးဘီးမော်တော်ဆိုင်ကယ်ဖြင့် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ နိုင်အောင် ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၅,၆၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား