မြစ်သား ၂၂ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်သည် ရှေးမြန်မာမင်းများ လက်ထက်ကတည်းမှပင် ဆည်ရေပေးဝေရေးများဖြင့် လယ်တွင်းကိုးခရိုင် စိမ်းလန်းစိုပြေရေး၊ ဒေသတွင်း ဝမ်းစာဖူလုံရေးတို့အတွက် အဓိက အားထားရသည့် စပါးကျီဒေသတစ်ခုဖြစ်သည်။ လက်ရှိအချိန်တွင်လည်း ကင်းတားဆည်သည် ရေသောက် စိုက်ကွင်းများတွင် မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံများကို ရာသီမရွေး စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသဖြင့် ဒေသဖွံ့ဖြိုးတိုးတက်နေပြီး စိမ်းလန်းစိုပြေကာ ဒေသတွင်း ဝမ်းစာဖူလုံ၍ စပါးကျီတစ်ခုသဖွယ် အားထားရသည့် အခြေအနေရှိနေသည်။
ယခုအခါ ကင်းတားရေလှောင်တမံမှ နွေစပါး၊ နွေသီးနှံ ရေပေးဝေမှုကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျှက်ရှိရာ တောင်သူများ၏ စိုက်ပျိုးသီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ အပြည့်အဝတာဝန်ယူကာ ဆည်ရေပေးဝေရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိသည်။
ထို့ကြောင့် ယခုနှစ်ကင်းတားဆည်ရေသောက် နွေစပါး၊ နွေသီးနှံစိုက်ပျိုးဧကများအတွက် တောင်သူများမှ ရေရယူပြင်ဆင် ဆောင်ရွက်နေကြပြီး၊ ကင်းတားရေလှောင်တမံမှ ရေစတင်ပေးဝေနေပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။
MDN


