မြစ်သား ၂၇  ဖေဖော်ဝါရီ 


မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး  ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်းကို ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီက မိုင်းမောကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ပြည်သူ့စကားဝိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲဝင်းထွန်းက “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။


ထို့နောက် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသူရ၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးကျော်သီ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန(တမံ) ဦးစီးအရာရှိ ဦးထင်ကျော်လင်း၊ မြို့နယ်သူနာပြုဆရာမကြီး ဒေါ်ထွန်းမေနှင့် ကူမဲမြို့လျှပ်စစ်အင်ဂျင်နီယာ(တာဝန်ခံ) ဦးစောလင်း ထက်ကျော်တို့က  မိမိတို့ဌာနနှင့် ပတ်သက်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လက်ရှိဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။ 


ဆက်လက်ပြီး တက်ရောက်လာသော ဒေသခံပြည်သူများက ကျေးလက်လမ်း၊ တံတား၊ ပညာရေး ၊ ကျန်းမာရေး၊ လျှပ်စစ်နှင့် ရေရရှိမှု၊ မြေယာကိစ္စများကို မေးမြန်းဆွေးနွေးခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးကြကြောင်း သိရသည်။


ပြည်သူ့စကားဝိုင်းသို့ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

 
မြို့နယ်(ပြန်/ဆက်)

 

123