မြစ်သား ဩဂုတ်  ၁    

               

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် Resources Group Trading Co. Ltd နှင့် Hike Co.Ltd များဦးဆောင်မှုဖြင့် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား စျေးနှုန်းချိုသာစွာစားသုံးနိုင်ရန်အတွက် စားအုန်းဆီ တစ်ပိဿာ ၇၁၄၀/-ကျပ်နှုန်းဖြင့် ယနေ့ နံနက် (၈) နာရီမှ နေ့လည် (၁၂) နာရီအထိ ရောင်းချပေးခဲ့ကြောင်းသိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးလျင် နှစ်ပိဿာနှုန်းဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ၄၅ ဌာနတို့မှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၂၄၇၉ ဦးတို့အား စုစုပေါင်း စားအုန်းဆီ ၄၉၅၈ ပိဿာတို့အား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း စာသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှသိ ရသည်။

ဝါဝါမြင့် (မြစ်သား )