ဩဂုတ် ၂၁

မဒါဂတ်စကာနိုင်ငံသို့ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံတကာခရီးသွား ၁၅၀၀၀၀ ကျော် လာရောက်လည်ပတ်မှုရှိရာ လွန်ခဲ့သောနှစ်အလားတူကာလက  နိုင်ငံတကာခရီးသွားလာရောက် လည်ပတ်သူ ၃၀၀၀ ကျော်ထက်ပိုမိုများပြားလာကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။

ယခုနှစ်ပထမခြောက်လအတွင်းလာရောက်လည်ပတ်သည့်ခရီးသွားများအနက် ဧပြီလတွင် နိုင်ငံတကာ ခရီးသွား ၃၂၄၈၃  ဦးဝင်ရောက်မှုရှိရာခရီးသွားဝင်ရောက်မှု အများဆုံးလဖြစ်သည်ဟု သိရသည်။

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံတကာခရီးသွား ၁၄၇၈၂၂ ဦး ဝင်ရောက်မှုရှိရာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားမီ ၂၀၁၉ ခုနှစ် အလားတူကာလက ခရီးသွား ၁၂၆၇၃၃ ဦး ဝင်ရောက်မှုထက် ခရီးသွားဝင်ရောက်မှု ပိုမိုမြင့်မားခဲ့သည်။

၂၀၂၄ ခုနှစ်က ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ သန်း ၇၈၀ ကျော် ဝင်ငွေရရှိခဲ့ကြောင်း ထိုဝန်ကြီးဌာနကဖော်ပြထားသည်။

အစိုးရအဖွဲ့သည် နိုင်ငံအတွင်းသို့ ၂၀၂၈ ခုနှစ်တွင် ခရီးသွားဦးရေ တစ်သန်းအထိ ဝင်ရောက်မှုရှိမည်ဟု ခန့်မှန်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို