မှော်ဘီ နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် သမဝါယမအသင်းစု လီမိတက်(၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့က မြို့နယ်သမဝါယမအသင်းစုအစည်း အဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်နှင့် မှော်ဘီမြို့နယ်သမဝါယမအသင်းစုသဘာပတိ ဦးထွန်းမြင့်တို့က အမှာစကားပြောကြားကာ ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးရှင်းတမ်းများကို ဦးဌေးဝင်းက ဖတ်ကြားခြင်း၊ အသင်းသားစာရင်းစစ်အစီရင်ခံစာကို ဦးကျော်ရွှေက ဖတ်ကြားခြင်း၊ အသင်းဝင်ကိုယ်စားလှယ်များက ဆွေးနွေးမေးမြန်းခြင်းနှင့် ဆွေးနွေးမေးမြန်းချက်များအပေါ် ဒါရိုက်တာအဖွဲ့က ပြန်လည်ရှင်းလင်းတင်ပြပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းကို အတည်ပြုချက်ရယူခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ(မှော်ဘီ)


