ရန်ကုန်   ဒီဇင်ဘာ   ၂၁

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ကြီးမှူး၍  ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ အထိမ်းအမှတ် အမျိုးသား အမျိုးသမီး   အသက် ၁၈ နှစ်အောက် မာရသွန်အပြေးပြိုင်ပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့စုရပ်မှ စတင်ပြုလုပ်ခဲ့သည်။

ဦးစွာ  ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများက နေရာယူကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူက  ဝီစီမှုတ်တာ‌လွှတ်‌ပေးပြီး ခေမာသီလမ်းမကြီးမှ သုဓမ္မာလမ်းမကြီး၊ ထို့မှတစ်ဆင့် ကန်သာယာလမ်းဆုံမှတစ်ဆင့် ခေမာသီလမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့  ပြန်လည်ပန်းဝင်ခဲ့ကြသည်။

ထို့နောက်  မာရသွန်အပြေး ပြိုင်ပွဲဆုပေးပွဲကိုကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူက အမှာစကားပြောကြားပြီး  ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ အထိမ်းအမှတ် ၅ ကီလိုမီတာ အမျိုးသား အမျိုးသမီး အသက် ၁၈ နှစ်အောက် မာရသွန်အပြေးပြိုင်ပွဲ ဆုပေးပွဲကိုပြုလုပ်ရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသော ပြိုင်ပွဲ၀င် ကျောင်းသား ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ  ပေးအပ်ချီးမြှင့်ကြသည်။   ဆုပေးပွဲတွင်  ပထမဆု ကျပ်  သုံးသိန်း၊   ဒုတိယဆု   ကျပ် နှစ်သိန်း၊ တတိယဆု  ကျပ် တစ်သိန်းနှင့်   နှစ်သိမ့်ဆုများ   ပေးအပ်ချီးမြှင့်ကြပြီး စုစုပေါင်း ပြိုင်ပွဲဝင် ၃၀၀ ခန့် ပါ၀င်ယှဉ်ပြိုင်ခဲ့ကြ‌ကြောင်း သိရသည်။

 သက်လွင်စိုး(ပြန်/ဆက်)