ရန်ကုန် စက်တင်ဘာ ၂၂

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ အများပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း သတ်မှတ်စုရပ်နေရာများတွင် ရောင်းချပေးသည်။

 

ထိုသို့ ရောင်းချပေးရာတွင် ကြက်ဥတစ်လုံး ၃၆၅ ကျပ်နှုန်းဖြင့် ကြက်ဥအလုံးရေ ၂၁၀၀၀ ကို မြို့နယ်အတွင်းရှိ (ခ)ရပ်ကွက် မဇ္ဈေလမ်း၊ (ဆ)ရပ်ကွက် မေဓာဝီလမ်း၊ (ရွှေပေါက်ကံ/ ၁၄ ရပ်ကွက်) ရာဇဓိရာဇ်လမ်း၊ (ည)ရပ်ကွက် ဧရာလမ်း ရပ်ကွက်များအလိုက် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ဈေးနှုန်းချိုသာစွာဖြင့် စနစ်တကျ ဖြန့်ဝေရောင်းချပေးရာ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ ကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သက်လွင်စိုး(ပြန်/ဆက်)