ရန်ကုန် အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ကြက်ဥရောင်းချပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သတ်မှတ်စုရပ်နေရာများတွင် ရောင်းချ ပေးသည်။
ထိုသို့ ရောင်းချပေးရာတွင် ကြက်ဥတစ်လုံး ၃၆၅ ကျပ်နှုန်းဖြင့် ကြက်ဥအလုံးရေ ၂၁၀၀၀ အား မြို့နယ်အတွင်းရှိ(ဂ)ရပ်ကွက် နီလာလမ်း၊ (င)ရပ်ကွက် နွယ်နီလမ်း၊ (ရွှေပေါက်ကံ/၁၂ ရပ်ကွက်) အောင်ရွှေ ဇင်လမ်း ရပ်ကွက်များအလိုက် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက စနစ်တကျ ဖြန့်ဝေရောင်းချပေးရာ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


