မြောက်ဦး ၁၇ ဖေဖော်ဝါရီ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ လော်ကမူရပ်၊ လော်ကမူဘုရားအနီးတွင် ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမှတ်(၃၁) ရဲတပ်ရင်းနှင့် ခရိုင်/မြို့နယ်ရဲ တပ်ဖွဲ့ဝင်အင်အား (၉၁)ဦးတို့က မီးလောင်ပြင်နေရာအား ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကာ ယခုမီးလောင်ဆုံးရှုံးခဲ့ရသော မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက လောကမာရ်အောင် ဘုရားဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းသို့ မြောက်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်း၊ ခရိုင်လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်နန်းမိုးနွယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မီးဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အိမ်ထောင်စု(၁၄)စုအတွက် အိမ်မိုးသွပ် ၁၄၀ ချပ်အားလည်းကောင်း၊ ခရိုင် ဒုတိယရဲမှူးကြီး တင်မင်းဦးမှ ငွေကျပ် (၂)သိန်းအား လည်းကောင်း၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ စုစုပေါင်းလှူဒါန်းငွေ (၁၇)သိန်းကျော်နှင့် ခရိုင် လူကယ်ပြန်ဌာနမှ ကျား/မလုံချည်၊ စောင်၊ တဘက်၊ ဒန်အိုး၊ ဇလုံ၊ ဆပ်ပြာ၊ တီရှပ်၊ ခြင်ထောင်၊ စတီးဓါး၊ စတီးဟင်းခတ်ဇွန်း၊ စတီးသောက်ရေခွက်၊ စတီးပန်းကန်ပြား၊ ပလတ်စတစ်ရေချိုးခွက်နှင့် ပလတ်စတစ်ပုံးပစ္စည်း (၁၅)မျိုးအားလည်းကောင်း၊ ကျောက်တော်မြို့နယ် အလှူရှင်များမှ ဆန်(၁၀)အိတ် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ဆန်အိတ်(၂၀)တို့အား မီးဘေးသင့်ပြည်သူများ၏ လက်ဝေအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြောက်ဦးခရိုင်(ပြန်/ဆက်)မှ သတင်းရရှိသည်။
MDN


