မြောက်ဦး   ၁၀   ဖေဖော်ဝါရီ  

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာနှင့်ထိပ်ဝပြင်ကျေးရွာ အကြား ရန်ကုန်- စစ်တွေ အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် (၁/၁၂၈)နှင့်(၂/၁၂၈)မိုင်တိုင်အကြား  မြောက်ဦးမြို့မှ မြောက်ဘက် မိုင်(၂၀)ခန့်အကွာ  တွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့်  ထိခိုက် ဒဏ်ရာရရှိ မှုမရှိကြောင်း သိရသည်။

 

မိုင်းပေါက်ကွဲမှုဖြစ်စဉ်မှာ ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်း အနောက်ဘက်၌ ထောင်ထားသည့် မိုင်း(၂)လုံးမှာ ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် မိုင်း(၁)လုံးနှင့် ကားလမ်း အရှေ့ဘက်၌ မပေါက်ကွဲသေးသည့် မိုင်း(၄)လုံး စုစုပေါင်း မပေါက်ကွဲသေးသည့် မိုင်း(၅)လုံးအား  တပ်မတော်မှရှင်းလင်းမှုများဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။ ခရီးသွားပြည်သူများနှင့် ခရီးသွား မော်တော်ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး ခရီးသည်တင်ယာဉ်များမှာလည်း ပုံမှန်သွားလာလျှက်ရှိကြောင်း ခရိုင်ပြန်/ဆက်  မှ သတင်းရရှိသည်။

 

MDN

 

IMG_2019021