မုဒုံ    အောက်တိုဘာ     ၂၀

 

မွန်ပြည်နယ် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် (၂၅)နှစ်အောက် အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက် ၇ နာရီက မုဒုံမြို့နယ် အားကစားပြိုင်ဝင်း အတွင်းရှိ ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပသည်။

 

ရှေးဦးစွာ မော်လမြိုင်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ချိုချိုနိုင်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ပထမပွဲစဉ် အဖြစ် မော်လမြိုင်မြို့နယ်အသင်းနှင့် ချောင်းဆုံမြို့နယ်အသင်းတို့ စတင်ယှ ဉ်ပြိုင်ခဲ့ကြသည်။

 

ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို အောက်တိုဘာ ၂၁ ရက်နေ့တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ရာ ပထမဆု၊ ဒုတိယဆု၊ ပူးတွဲတတိယဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုများကို ချီးမြှင့်သွားမည်ဖြစ်သည်။

 

အဆိုပါပြိုင်ပွဲကို တစ်မျိုးသားလုံး အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာ​စေရေး၊ အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရေးနှင့် မျိုးဆက်သစ်လူငယ် အားကစား သမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)