မြောင်းမြ ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် မဲရုံများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဘုရားချောင်းကျေးရွာအုပ်စု၌ ဆောင်ရွက်သည်။
မြောင်းမြမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ဘုရားချောင်းကျေးရွာအုပ်စု စမ်းချောက်ကြီးကျေးရွာနှင့် စမ်းချောက်ကလေးရှမ်းစုကျေးရွာများရှိ မဲရုံအဖြစ် ဆောင်ရွက်မည့် နေရာများသို့ ကွင်းဆင်းကြည့်ရှုပြီး မဲရုံပတ်ဝန်းကျင်နှင့် မဲရုံပြုလုပ်မည့်နေရာများ၌ မီးငြှိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများထားရှိမှုနှင့် ကောင်းမွန်ခြင်း ရှိ/မရှိ၊ လျှပ်စစ်မီး သွယ်တန်းထားရှိမှု အခြေအနေများ၊ မီးသတ်ရေကန်များအတွင်း ရေဖြည့်တင်းထားမှု ရှိ/မရှိတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်များ ကင်းရှင်းစေရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ၊ လိုက်နာရမည့်အချက်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇေယျာ(မြောင်းမြ)


