ဂျေရုဆလင် နိုဝင်ဘာ ၆

 

အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကတ်က မောင်းသူမဲ့လေယာဉ်ဖြင့် လက်နက်မှောင်ခို သယ်ဆောင်မှုအန္တရာယ်ကို ရပ်တန့်ရန် အစ္စရေး-အီဂျစ်နယ်စပ်တစ်လျှောက်ကို ပိတ်ထားမည်ဖြစ်ကြောင်း ယနေ့အမိန့်ထုတ်ပြန်ခဲ့သည်။

 

သဘောတူညီ

 

ဝန်ကြီးကတ်နှင့် လုံခြုံရေးအေဂျင်စီအကြီးအကဲ ဒေးဗစ်ဇီနီတို့က နယ်စပ်ဖြတ်ကျော် မှောင်ခိုသယ်ဆောင်လာသော လက်နက်များကို အကြမ်းဖက်ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ရန် သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့သည်။

 

တားမြစ်ထားသည့် နယ်စပ်ဒေသကိုဖြတ်သန်းသည့် မည်သူမဆို အရေးယူဒဏ်ခတ်မည်ဖြစ်ကြောင်း အစ္စရေးကတ်က ပြောကြားသည်။

 

ဂါဇာကမ်းမြောင်ဒေသသို့ လက်နက်များ မှောင်ခိုသွင်းရန်နှင့် စစ်သွေးကြွအုပ်စုများကို ထောက်ပံ့ရန် အသုံးပြုသည်ဟု ယုံကြည်ရသည့် တောင်ပိုင်းနယ်စပ်တစ်လျှောက် ဒရုန်းပျံသန်းမှုများ ထပ်ခါတလဲလဲ ဖြစ်ပွားနေချိန်တွင် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

 

၁၉၇၉ ခုနှစ်တွင် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် အစ္စရေးနှင့် အီဂျစ်တို့သည် ဆိုင်းနိုင်းကျွန်းဆွယ်၏ အရှေ့ဘက်အစွန်းတစ်လျှောက် ကီလိုမီတာ ၂၀၀ ခန့် နယ်နိမိတ်ကို မျှဝေထားသည်။ အစ္စရေးသည် စောင့်ကြည့်ရေးစခန်းများနှင့် ရေဒါစနစ်များ တပ်ဆင်ထားသည့် ခိုင်ခံ့သော ခြံစည်းရိုးတစ်ခုကို တည်ဆောက်ခဲ့သည်။

 

သို့သော် မကြာသေးမီနှစ်များအတွင်း ဒရုန်းများကို မှောင်ခိုကူးရန်အတွက် တိုးမြှင့်အသုံးပြုလာခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအတွင်း ဒရုန်းအစင်းရေ ၉၀၀ နီးပါးရှိကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်