ရာဘတ်   ဒီဇင်ဘာ   ၁၅

မော်ရိုကိုနိုင်ငံ၌ ဒီဇင်ဘာ ၁၄  ရက်က  မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးနစ်မြုပ်မှုဖြစ်ပွားသဖြင့် လူ  ၄၁   ဦးထက်မနည်း သေဆုံးကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။

အတ္တလန္တိတ်ကမ်းရိုးတန်းပြည်နယ်ရှိ ဆာဖီမြို့၌  ရေကြီးမှုကြောင့်  သေဆုံးသူပေါင်း  ၃၇ ဦးရှိပြီး  ဒဏ်ရာရရှိသူ  ၁၄ ဦးမှာ  ဒေသဆိုင်ရာဆေးရုံများ၌   ဆေးကုသမှုခံယူလျက်ရှိကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ထုတ်ပြန်ချက်တွင် ပြောကြားသည်။

မော်ရိုကိုနိုင်ငံ  ဆာဖီမြို့၌ တစ်နာရီခန့်အကြာဖြစ်ပွားသည့် ပြင်းထန်သည့် မိုးသက်မုန်တိုင်းကြောင့်  ရေကြီးမှုဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ယင်းမြို့ရှိ  ဒါဇင်နှင့်ချီသည့် အိမ်များနှင့် ဈေးဆိုင်များမှာလည်း  ရေနစ်မြုပ်သွားပြီး  ယာဉ်များမှာလည်း  တိမ်းမှောက်ခြင်း သို့မဟုတ် မျောပါခြင်းတို့ ဖြစ်ပေါ်ခဲ့ ကြောင်း၊ လမ်းများမှာလည်း ပျက်စီးသွားသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာဖြစ်ပေါ်စေခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မော်ရိုကိုနိုင်ငံ၌ လာမည့်ရက်များအတွင်း မိုးသည်းထန်စွာပိုမိုရွာသွန်းမည်ဟု အာဏာပိုင်များက ခန့်မှန်းထားပြီး ဒီဇင်ဘာ ၁၅ ရက်အထိ ပြည်နယ်လေးခုရှိ ကျောင်းများကို ပိတ်ထားခဲ့သည်။ 

ဆင်ဟွာ