မန္တလေး နိုဝင်ဘာ ၂၃

 

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်အတွင်းရှိ စိန်ပန်းရပ်ကွက်သို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မဟာအောင်မြေမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အသက် ၁၈ နှစ်ပြည့်ပြီးသူများအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုဝင်ဘာ ၂၁ ရက်က နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးသူ ၃၁၅ ဦးအား ကွင်းဆင်းဆောင်ရွက်ပေးသည်။

 

အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်၊ ခရိုင်ဦးစီးမှူး ဦးဟိန်းကျော်အောင်၊ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်တို့က လာရောက်ကြည့်ရှုပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)