နေပြည်တော် ဒီဇင်ဘာ ၂၂

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များကို သက်ဆိုင်ရာ မဲရုံများသို့ သယ်ယူပို့ဆောင်ခြင်းနှင့် မဲရုံမှူးနှင့် အဖွဲ့ဝင်များကို ပို့ဆောင်နေရာချထားပေးခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် အဖွဲ့ဝင်များ၊ မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 ဦးစွာ တိုင်းမှူးက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)များကို သတ်မှတ်ရက်တွင် သက်ဆိုင်ရာမဲရုံများသို့ သယ်ယူပို့ဆောင်ရေး၊ မဲရုံမှူးနှင့် အဖွဲ့ဝင်များကို ပို့ဆောင်နေရာချထားရေး၊ လုံခြုံရေးပိုင်းဆိုင်ရာတို့နှင့်ပတ်သက်၍ မှာကြားသည်။

 

ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြင်ဆင်ဆောင်ရွက် ထားမှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် MEVM စက်များ၊ မဲရုံမှူးနှင့် အဖွဲ့ဝင်များကို သယ်ယူ ပို့ဆောင်နေရာချထားပေးခြင်းများနှင့် ပတ်သက်၍ လက်တွေ့သရုပ်ပြ ပြင်ဆင်ထားမှုများကို ကြည့်ရှုစစ်ဆေးကာ လုံခြုံရေးပိုင်းဆိုင်ရာများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်