မြိတ်နှင့် ကျိုင်းတုံမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် စက်တင်ဘာ ၁၀

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၈ ရက် နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ စက်ဝန်းရပ်၊ ပိတောက် ရွှေဝါလမ်းပေါ်တွင် မသင်္ကာဖွယ်တွေ့ရှိသူ မအင်ဌေး(ခ)အေးချိုကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း၊ အလားတူ ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)အတွင်းတွင် ကာဗေလှ မောင်းနှင်ပြီး ကျာဂ လိုက်ပါလာသည့် ဆိုင်ကယ်၊ ကျထော မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် ကျာဟော် မောင်းနှင် လာသည့် ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ် ဆေးပြား ၃၀၀,၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်