မြိတ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီရမိ

နေပြည်တော် ဇူလိုင် ၂၄

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၂ ရက် ညနေ ၃ နာရီ မိနစ် ၂၀ တွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအနီးတွင် ကျော်မျိုးဦး မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ညနေ ၄ နာရီ ၃၅ မိနစ်တွင် နောက်လယ်ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကိုလည်းကောင်း။

 

ဇူလိုင် ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ ကျောက်ချောကျေးရွာအနီးရှိ မန္တလေး-ပြင်ဦးလွင်သွား ကားလမ်းတွင် ကျော်မင်းထွန်း(ခ)ပါးဖောင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ဇော်မျိုးလွင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇,၈၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 (ရဲပြန်ကြား)