မိတ္ထီလာမြို့နယ်၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင်  ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ(၇၆၀ဝ)ကျော်ကို စာစစ်ဌာန (၁၄)ခုဖြင့် ကျင်းပသွားမည်

မိတ္ထီလာ ၁၅  ဖေဖော်ဝါရီ 


မိတ္ထီလာမြို့နယ်၌ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ (၇၆၀ဝ)ကျော်ကို စာစစ်ဌာန(၁၄)ခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


မြို့နယ်အတွင်း၌ ၂၀၁၇-၂၀၁၈ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ (၇၀၅၅)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားကျောင်းသူ(၆၇၁၁)ဦးကို စာစစ်ဌာန (၁၂)ခုဖြင့် ကျင်းပခဲ့ပြီး  ယခုနှစ် ၂၀၁၈-၂၀၁၉ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ (၇၆၆၄)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ရာ ယခင်နှစ်ကထက် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ များသည့်အတွက် စာစစ်ဌာန(၂)ခု တိုးချဲ့ကျင်းပသွားမည်ဖြစ်ကြောင်း၊ အဆိုပါစာစစ်ဌာနများဖြစ်သည့် အထက(၂)စာစစ်ဌာန၊ အထက(၃) စာစစ်ဌာန၊ အထက(၄) စာစစ်ဌာန၊ အထက(၆) စာစစ်ဌာန၊ အလက(၂) စာစစ်ဌာန၊ အထကအောင်ဇေယျာစာစစ်ဌာန၊ အထကညောင်ကိုင်းစာစစ်ဌာန၊ အထကရေချိုစာစစ်ဌာန၊ အထက အလည်ရွာစာစစ်ဌာန၊ အထကရေဝေစာစစ်ဌာန၊ အထက(၁)တွင် ဒက္ခိဏစာစစ်ဌာန၊ ဥတ္တရစာစစ်ဌာန(၂)ခုနှင့် အထက(၅)တွင် ရှမ်းတဲ(၁)စာစစ်ဌာန၊ ရှမ်းတဲ(၂)စာစစ်ဌာန (၂)ခု စသည့် စာစစ်ဌာန(၁၄)ခုတို့တွင် ဖြေဆိုမည့် ကျောင်းသားကျောင်းသူများကို  စာစစ်ဌာနအလိုက် သက်ဆိုင်ရာကြီးကြပ်ရေးမှူးများမှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်၍ စာမေးပွဲဖြေဆိုမည့်ရက်နေ့ နံနက်အထိ စာဖြေသူ ဝင်ခွင့်ကဒ်များအား ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦး က ပြောကြားခဲ့သည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)