မိတ္ထီလာ စက်တင်ဘာ ၂၈

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဝါမျိုးစုံ ၇၄၉၃ ဧက စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးထားရှိသည့် ဝါစိုက်ဧကများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား တစ်ဧကအထွက်တိုး၍ ဝင်ငွေတိုးနိုင်သည့် ဝါသီးနှံကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် စိုက်ပျိုးရေးဝန်ထမ်းများက လိုအပ်သည့်နည်းပညာများ ပံ့ပိုးကူညီ၍ ဒေသခံတောင်သူများက အထွက်နှုန်းကောင်းသည့် ချည်မျှင်ရှည်ဝါနှင့် မလှိုင်ဝါချည်မျှင်တို့ကို မိုးကြိုမိုးနှင့် မိုးနှောင်းကာလများတွင် စိုက်ပျိုးလျက်ရှိသည်။

 

ထိုသို့ စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးကာလတွင် ချည်မျှင်ရှည်ဝါ ၇၄ ဧက၊ မိုးနှောင်းကာလတွင် ချည်မျှင်ရှည်ဝါ ၇၀၂၆ ဧကနှင့် မလှိုင်ဝါ (ချည်မျှင်တို) ၃၉၃ ဧကတို့ စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မိတ္ထီလာမြို့နယ်အတွင်း၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဝါမျိုးစုံ ၇၄၉၃ ဧက စိုက်ပျိုးနိုင်ခဲ့ရာ အဆိုပါ ဝါမျိုးစုံစိုက်ဧကများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)