မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မိတ္ထီလာ         ဇူလိုင်         ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲကို ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက  အဆိုပါ တက္ကသိုလ် အားကစားခန်းမ၌ ကျင်းပခဲ့သည်။

 

ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲတွင် ပါမောက္ခချုပ် ဒေါက်တာဘဟန်က အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသားပြိုင်ပွဲ အုပ်စု(က) ၌ ရူပဗေဒ၊ ပထဝီဝင်၊ ဒဿနိကဗေဒ၊ (ခ)အုပ်စု၌ ဓာတုဗေဒ၊ သင်္ချာ၊ အရှေ့တိုင်းပညာ၊ (ဂ)အုပ်စု၌ ဘူမိဗေဒ၊ မြန်မာစာ၊ ရုက္ခဗေဒ၊ (ဃ)အုပ်စု၌ သတ္တဗေဒ၊ သမိုင်းနှင့် အင်္ဂလိပ်စာ စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၁၂ သင်းကလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲ အုပ်စု(က)၌ မြန်မာစာ၊ သတ္တဗေဒ၊ ဓာတုဗေဒ၊ ပထဝီဝင်၊ အင်္ဂလိပ်စာ၊ အုပ်စု(ခ)၌ ရူပဗေဒ၊ ရုက္ခဗေဒ၊ သင်္ချာ၊ ဘူမိဗေဒနှင့် ဥပဒေပညာ စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၁ဝ သင်းကလည်းကောင်း ပါဝင်ယှဉ်ပြိုင်ကစားကြသည်။ အဆိုပါ ကြက်တောင်ရိုက်ပြိုင်ပွဲကို ဇူလိုင် ၁၃ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချမ်းသာ(မိတ္ထီလာ)