မိတ္ထီလာ ဒီဇင်ဘာ ၂၃
မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်အားကစားခန်းမတွင် ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဘဟန်က အမှာစကား ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် အရှေ့တိုင်းပညာအသင်းနှင့် ရုက္ခဗေဒအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပါမောက္ခချုပ်ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်လင်း၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ကြည့်ရှုအားပေးကြသည်။ အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာ၂၃ ရက်မှ ၂၉ ရက်အထိကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် အုပ်စု (က) မြန်မာစာ၊ ဓာတုဗေဒ၊ အုပ်စု(ခ)သတ္တဗေဒ၊ အရှေ့တိုင်းပညာ၊ ရုက္ခဗေဒ၊ အုပ်စု(ဂ)ရူပဗေဒ၊ ပထဝီဝင်၊ ဥပဒေပညာ၊ အုပ်စု(ဃ)ဘူမိဗေဒ၊ သင်္ချာနှင့်အင်္ဂလိပ်စာ စုစုပေါင်းပြိုင်ပွဲဝင်အသင်း ၁၁ သင်း ပါဝင်ယှဉ်ပြိုင်ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


