မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲများ ကျင်းပမည်

ရန်ကုန်        ဇူလိုင်        ၂၇

 

360 Sports မှ စီစဉ်ကျင်းပသည့် 360 Fight Club 2 မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ရာ မျိုးဆက်သစ် လက်ဝှေ့ကစားသမားများ၏ လေးချီ အထူးတွဲဆိုင်း အပါအဝင် တွဲဆိုင်း ၁၂ ဆိုင်း ပါဝင်ကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲတွင် အမျိုးသား ၄၅-၄၈ ကီလိုတန်းတွင် ကျော်ဇောသွေး (အဖြူရောင်သွေးသစ်)နှင့် ချောလှနိုင် SMART Fight Club (ရွှေဒေါပုံ)၊ အမျိုးသား ၅၀-၅၃ ကီလိုတန်းတွင် ဇင်ကိုထက် Fighting Fight Club နှင့် ကဆောထူး (ရိုးရာကျား)၊ ရိူင်းထက်အောင် (ဇွဲမြန်မာ)နှင့် ထက်ဦးလူ (အဖြူရောင် သွေးသစ်)၊ ဂျလ (Python)နှင့် စောကဲဒို(Holy Power)၊ ဝူအဲဒို (ရိုးရာကျား)နှင့် လင်းရာဇာ (ဇာတိမာန်)၊ အမျိုးသား ၅၅-၅၈ ကီလိုတန်းတွင် ဝိုင်းခန့်အောင် (STL) နှင့် မျိုးဇော်ဇော် (ဇာတိမာန်)၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲ အမျိုးသား ၆၀-၆၃ ကီလိုတန်းတွင် ဇင်နိုင်ဝင်း (BBH) နှင့် ထွယ်ရှောင် (Python) ၊ ကျော်ကိုကိုဆွေ (Oscar Lethwei Club)နှင့် ရဲလင်းဦး SMART Fight Club ရွှေဒေါပုံ)၊ အမျိုးသား ၆၅-၆၈ ကီလိုတန်းတွင် စောကဲ (Yangon Fight Club) နှင့် ဇာတိသွေး (Player one Fight Club)၊ အမျိုးသား ၄၈ ကီလိုတန်း လေးချီ အထူးစိန်ခေါ်ပွဲများအဖြစ် ကာဝိ (စက်ရုံ)နှင့် ကျောက်ရိုင်း (ဓမ္မဟေဝန်)၊ ၅၁ ကီလိုတန်း ကျော်ဇော (ရွှေဖူး)နှင့် ကိုကို (စက်ရုံ)၊ အမျိုးသား ၆၀-၆၃ ကီလိုတန်း လေးချီ အထူးပွဲအဖြစ် စောဂျွန် (နဂါးမာန်)နှင့် နိုင်ဝင်းထွန်း (BBH) တို့ ယှဉ်ပြိုင်ထိုးသတ် သွားမည် ဖြစ်သည်။

 

ရိုးရာလက်ဝှေ့ပြိုင်ပွဲအား 360 Sports Facebook Page နှင့် 360 Sports You Tube Channel၊ Fortune TV တို့မှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

အာကာစိုး