မိုးကောင်း ၁၇ ဖေဖော်ဝါရီ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မရမ်းကျေးရွာ၌ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက အချိန်အခါမဟုတ် မိုးရွာသွန်းကာ မိုးသီးများကျခဲ့၍ နေအိမ် ၃၀ဝ ခန့် အိမ်အမိုးများ ပျက်စီးခဲ့ကြောင်း မရမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးနော်လာဒ့်ထံမှ သိရသည်။
ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာအုပ်စု၊မရမ်းကျေးရွာ၌ ယနေ့ ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီက အချိန်အခါမဟုတ် မိုးရွာသွန်းကာ မိုးသီးများကျခဲ့၍ ကျေးရွာရှိအိမ်ခြေ ၆၀၅ အိမ်ကျော်အနက် အိမ်ခြေ ၃၁၀ ခန့်၏ အိမ်အမိုးများ ပေါက်ပြဲခဲ့သည်။
အဆိုပါ မိုးသီးများကြွကျေမှုနှင့် စပ်လျှဉ်း၍ မရမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးနော်လာဒ်က " ညနေ ၄ နာရီ လောက်မှာ ရုတ်တရက်မိုးတွေရွာလာပြီး မိုးသီးတွေကြွကျေလာတာ၊ တစ်ချို့အလုံးတွေဆို တော်တော်လေးကြီးတယ်ဗျ။ ၂ လက်မကျော်ကျော်လောက်ရှိတယ်၊၁၅ မိနစ်လောက်ကြာတယ်ဗျ၊ တစ်ရွာလုံးနီးပါး နေအိမ်အမိုးတွေပေါက်ပြဲကုန်ကြတယ်၊အသေးစိတ်စာရင်းကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေ လိုက်ကောက်နေပါတယ်" ဟု ပြောသည်။
အဆိုပါကျေးရွာသို့ မိုးကောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ဒုတိယဦးစီးမှူးဦးဝေဖြိုးကျော်၊ မြို့နယ်မီးသတ်ဒုတိယဦးစီးမှူး ဦးလဂျွန်း ဦးစီးမီးသတ်တပ်ဖွဲ့ဝင်များ၊ နမ္မတီးမြို့နှလုံးလှ လူမှုကူညီရေးအသင်းတို့မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


