နေပြည်တော်၊ ၁၃ ဒီဇင်ဘာ
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၌ ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်က စပါး ခြွေလှေ့စက်ယာဉ် ၂ စီးတိုက်မှုဖြစ်ပွား၍ ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပန်းချိုဟိုင်ကျေးရွာနေ အောင်မိုး (၂၈)နှစ်မောင်းနှင်ပြီး ဇနီးဖြစ်သူ မခမ်းကြည်(၂၆)နှစ်၊ သားသမီးဖြစ်သည့် မောင်အိုက်စွမ်း(၄)နှစ်နှင့် မမွှေခေါင်(၆)နှစ်တို့ ၃ ဦးလိုက်ပါလာသော ပီကင်းဂျစ် အမျိုးစား လယ်ယာသုံး စပါးခြွေလှေ့စက်သည် ဗန်းမော်မြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာစဉ် ဒေါ့ဖုန်းယန်မြို့၊ (၃)ရပ်ကွက်အနီး၊ တောင်ကုန်း အဆင်းအရောက်တွင် ဂီယာပြုတ်၍ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်ဘက်မှ ဦးဘရန်ဆိုင်း(၄၆) နှစ်မောင်းနှင်သော FAW အမျိုးအစား လယ်ယာသုံးစပါးခြွေလှေ့စက်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မိမှုကြောင့် ပီကင်းဂျစ် အမျိုးအစား စပါးခြွေလှေ့စက်မှာ တိမ်းမှောက်သွားခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် မမွှေခေါင်တွင် ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားကာ အောင်မိုးပါ ၄ ဦးတွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် အောင်မိုးအား ဒေါ့ဖုန်းယန်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း ရဲပြန်ကြားမှာ သတင်း ရရှိသည်။
MDN


