မိုးနဲ စက်တင်ဘာ ၂၄
မိုးနဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြစိုက်ခင်းသုံးဧက စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက နားလင်းကျေးရွာ မြို့ဝင်ကြာဖူးအနီး ကွင်းအမှတ်(၃၆) တောင်သူ ဦးစိုင်းမာလာ၏လယ်မြေ၌ တောင်သူများနှင့်အတူ စိုက်ပျိုးကြရာ ယခုနှစ်မိုးစပါး ၁၁၀၇၆ ဧကလျာထားပြီး ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


