နေပြည်တော် ဇူလိုင် ၂၄

 

မိုင်းဆတ်မြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သန်း (ကာလတန်ဖိုးငွေကျပ်သိန်း ၈၀၀၀) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၀ ရက် နံနက် ၈ နာရီခွဲတွင် သတင်းအရ မိုင်းဆတ်မြို့နယ် မယ်ပုလုံကျေးရွာအုပ်စု ဂျူးလုကျေးရွာအနီးတွင် မိုင်းတွမ်းကျေးရွာဘက်မှ မိုင်းဆတ်မြို့ဘက်သို့ ဆိုင်လူး မောင်းနှင်ပြီး ကျဝေ လိုက်ပါလာသည့် ISUZU အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သန်း (၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၈၀၀၀) ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား မိုင်းဆတ်မြို့နယ်၊ ဝမ်တုံကျေးရွာမှ မိုင်းတုံမြို့နယ်၊ မဲကင်းကျေးရွာအနီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်