မိုင်းယောင်း ၁၅ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု၊ မိုင်းဟန်ကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်ရှိ ဝိမုတ္တိသုခဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ (၈)ကြိမ် မြောက်ဘုရားပွဲနှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်ပြည်သူတို့၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ထားသော မုခ်ဦး၊ ကျောင်းတိုက်အဝင် ကွန်ကရစ်ခင်းကျင်းမှု၊ ကျောင်းမရာမ်တံတိုင်၊ ကုတီရေချိုးခန်း၊ ဗောဓိပလ္လင်တော်၊ သံဃာသာသနပလ္လင်တော်၊ စေတီတော်မြတ်အနီး ပုရိဝှတ်စောင်းတန်းများ၊ လောကနတ်ရုပ်တုစသည့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေနိုင်ရန်အတွက် လာမည့် မတ်လ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ အဆိုပါကျောင်းတိုက်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားဖြစ်မည်ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)


