မိုင်းကိုင် ၁၉ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင် ရွှေမြင်ထင် မွေတော်ဘုရား၏ စေတီရံများမှ စေတီရံ (၅၆) ဆူ၏ ထီးတော်တင်ပွဲကို မြို့နယ်သံဃနာယက ဥက္ကဌဆရာတော် ဘဒ္ဒန္တရေဝတ မှဦးစီး၍ ရပ်ဝေးရပ်နီးမှ အလှူရှင်များ စုပေါင်းကာ ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထီးတော်တင်ပွဲ အခမ်းအနားတွင် ဒေသခံ ပြည်သူများ၊ စေတနာရှင် အလှူရှင်များမှ နိဗ္ဗာန်ဈေးများ ခင်းကျင်းလှူဒါန်းခြင်း၊ ဒေသထုံးတမ်းစဉ်လာအတိုင်း မြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော်များအား ပင့်ဖိတ်၍ ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း၊ တရားပွဲများ ကျင်းပခြင်း စသည်တို့ကို ပြုလုပ်ကာ ရပ်ဝေးရပ်နီးမှ ဘုရားဖူး ဧည့်သည်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)


