မိုင်းဖြတ် ၁၉ ဖေဖော်ဝါရီ 


ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)မှ ပြည်သူများ အမှန်တကယ် ဆောင်ရွက်လိုသည့် လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲက ပြည်သူများအား ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများကို   ဈေးတန်းရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။


ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အမှာစကား ပြောကြားရာ ပြည်သူများအနေဖြင့် ပြည်သူ့ ဝန်ဆောင်မှုရုံး (OSS) မှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးရခြင်းနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။ 


ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်က ပြည်သူများအနေဖြင့် မိမိတို့လိုအပ်ချက်များကို လာရောက်ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုရုံးမှ သက်ဆိုင်ရာ ကဏ္ဍအသီးသီးများကို ဆောင်ရွက်ပေးနေမှုနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။ 


ထို့နောက် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) မှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်သည့် တာဝန်ရှိသူများက ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများကို မိတ်ဆက် ရှင်းလင်းပြောကြားပြီး (OSS) ရုံး ပူးပေါင်းအဖွဲ့ (၉) မှ လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများ၏  လိုအပ်ချက်များကို (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)

 

123