မိုင်းရှူး စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ်တွင် ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း၊ ပန်စွဲကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)နှင့် အမှတ်(၁)ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်း၏ ကြီးကြပ်မှုဖြင့် ဆရာမဒေါ်ဘီနူးနှင့် ဝန်ထမ်းများက အသက်ငါးနှစ်ပြည့်ပြီး ခုနစ်နှစ်အောက် ကျောင်းသား ကျောင်းသူများအား ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထပ်ဆောင်းထိုးနှံပေးခြင်းနှင့် အသက်ကိုးနှစ်ပြည့်ပြီး (၁၀)နှစ်အောက် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)