မိုင်းယန်းမြို့နယ်၌ ရှမ်းရိုးရာကျွဲခတ်ပွဲ ကျင်းပ

မိုင်းယန်း ဇန်နဝါရီ ၂၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဒေသခံ ရှမ်းတိုင်းရင်းသားတို့၏ နှစ်စဉ် ကျင်းပလေ့ရှိသော ရိုးရာကျွဲခတ်ပွဲကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက စတင်၍ မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

 

ရှမ်းရိုးရာကျွဲခတ်ပွဲသို့ မိုင်းယန်းမြို့နယ်ရှိ ကျေးရွာများမှ လာရောက်ယှဉ်ပြိုင်ကြပြီး မိမိတို့ယှဉ်ပြိုင်လိုသော ကျွဲများကို ကွင်းအတွင်းသို့ ခေါ်ဆောင်ပြီး တစ်ကောင်နှင့် တစ်ကောင် ခေါင်းချင်းဆိုင်ကာ ဦးချိုဖြင့် ခတ်ဝှေ့တိုက်ခိုက်စေ၍ ကွင်းအတွင်းမှ ထွက်ပြေးသောကျွဲအား အရှုံးအဖြစ်သတ်မှတ်ပြီး အနိုင်ရရှိသော ကျွဲအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ ရှမ်းရိုးရာ ကျွဲခတ်ပွဲအား ဇန်နဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်အကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထွန်းထွန်းထူး

 

mdn